ကိုယ်တိုင်လုပ် အဝေးပစ်စိန်ပြောင်းကိုစမ်းသပ်တဲ့အနေနဲ့ ရေပြာရဲစခန်းကို ပေါက်PDF ပစ်ခတ်


ပေါက်၊ ဒီဇင်ဘာ ၆၊ ၂၀၂၁။ 

မကွေးတိုင်း၊ပေါက်မြို့နယ်၊ရေပြာရဲစခန်းကို ဒီဇင်ဘာလ ၅ ရက် မနေ့ကည၁၀နာရီလောက်မှာ အဝေးပစ်စိန်ပြောင်းနဲ့ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ပေါက် PDFရဲ့တာဝန်ခံတစ်ဦးကပြောပါတယ်။ 

“မနေ့ည ၁၀ နာရီဝန်းကျင်လောက်က စမ်းသပ်ပစ်ခတ်မှုလုပ်တာပါ၊ကျနော်ကိုယ်တိုင်လုပ်တဲ့ လက်လုပ် လက်နက်ကြီးပါ၊ စိန်ပြောင်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ “ လို့သူကပြောပါတယ်။ 

ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် အဲ့ဒိစခန်းက ရဲမိသားစုဝင်တွေကတော့ မနေ့က ညကတည်းကထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ကိုယ်တိုင်လုပ် အဝေးပစ်စိန်ပြောင်းကိုစမ်းသပ်တဲ့အနေနဲ့ ရေပြာရဲစခန်းကို ပေါက်PDF ပစ်ခတ် ကိုယ်တိုင်လုပ် အဝေးပစ်စိန်ပြောင်းကိုစမ်းသပ်တဲ့အနေနဲ့ ရေပြာရဲစခန်းကို ပေါက်PDF ပစ်ခတ် Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.