ခိုးဆိုးလုယက်မှုတွေကာကွယ်ပေးရန် ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့စတင်ဖွဲ့စည်း


ယောဒသအတွင်း၌ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များနှင့် မသမာသူများက  လက်တလောကာလ၏ ဒေသတွင်း မတည်ငြိမ်မှုများကို အခွင့်အရေးယူကာ ခိုးဆိုးလုယက်သည့် ဒုစရိုက်မှူများကို နေ့စဉ် ကျူးလွန်နေကြောင်း ကြားသိရပါသည်။ အဆိုပါ မသမာသူများ၏ အန္တရာယ်မှ အကာအကွယ်ပေးရန် ဒေသခံ ပြည်သူများမှ မိမိတို့ CDM ရဲတပ်ဖွဲ့ဝင်များကို ဖြေရှင်းပေးပါရန် တိုင်ကြားမှုများလည်း ရှိလာပါသည်။

ထိုကြောင့် ဒေသခံ ပြည်သူလူထု၏ တောင်းဆိုမှုများနှင့် ဒေသတွင်း အရေးပေါ် လိုအပ်ချက်များအရ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ချက်ခြင်း အကာအကွယ်ပေးနိုင်ရန်၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ တရားမျှတမှုတို့ လွှမ်းမိုးနိုင်စေရန်၊ ပြည်သူတို့၏ လွတ်လပ်မှုများကို အာမခံပေးနိုင်ရန်အတွက် ဂန်ဂေါခရိုင် ဂန်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ် နှင့် ကျောမြို့နယ်များ၏ CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) ကို ဖွဲ့စည်းလိုက်ပါကြောင်း ကြေညာအပ်ပါသည်။ 

မိမိတို့ ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) သည် ဂန်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ် နှင့် ကျောမြို့နယ်များအတွင်းရှိ ဒုစရိုက်မှုများကို နှိမ်နှင်းခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားမျှတမှုများကို ဖော်ထုတ်ပေးခြင်း စသည့် ပြည်သူ့ဘဝ လုံခြုံရေး လုပ်ငန်းစဉ်များကို အဓိက ဦးစားပေး လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

ဂန်​ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပူးပေါင်း ဆောင်ရွက်ပြီး တရားဝင် “ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့” ဖွဲ့စည်းနိုင်သည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။


Zalen

ခိုးဆိုးလုယက်မှုတွေကာကွယ်ပေးရန် ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့စတင်ဖွဲ့စည်း ခိုးဆိုးလုယက်မှုတွေကာကွယ်ပေးရန် ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့စတင်ဖွဲ့စည်း Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.