လစာငွေထုတ်ယူလာသည့် စကစ ယာဉ်အား PDF တမူးကတိုက်ခိုက်ရာ ရဲတပ်ကြပ်ဇနီးသေဆုံး


၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၊(၁)ရက်

ယမန်နေ့ ၃၀.၁၁.၂၀၂၁ရက်နေ့၊ညနေ(၄)နာရီ(၄၀)မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့၊နယ်‌မြေရဲစခန်းမှ ရဲတပ်ကြပ် ဇော်မင်းထွန်း(ခ)ဖိုးဇော်နှင့် ၎င်း၏ဇနီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး လိုက်ပါလာသော ကားတစ်စီးအား တမူးPDF တပ်ရင်း(၁) မှ​စောင့်​ကြိူတိုက်ခဲ့သည်ဟုသိရသည်။ 

တမူးမြို့မှ လစာငွေများထုတ်ယူပြီး မြို့သစ်မြို့သို့ လာမည်ဟူသော သတင်းရရှိခြင်းကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)မှ Gurkha Defence Force (GDF) တပ်စိတ် တစ်စိတ်အပါအဝင် တပ်စိတ်(၂)စိတ်မှ တမူး-ကွန်းတောင်း လမ်းပိုင်းကြားတွင် (၃)ဖွဲ့ခွဲ၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြသည်ဟု့ ဖော်ပြထားသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း  ရဲတပ်ကြပ် ဇော်မင်းထွန်း၏ ဇနီးဖြစ်သူ သေဆုံးသွားပြီး ရဲတပ်ကြပ် ဇော်မင်းထွန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာ ကျည်ထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိပြီး၎င်းတို့စီးနင်းလာသော ကားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်ဟုသိရသည်။

Zalen 

လစာငွေထုတ်ယူလာသည့် စကစ ယာဉ်အား PDF တမူးကတိုက်ခိုက်ရာ ရဲတပ်ကြပ်ဇနီးသေဆုံး လစာငွေထုတ်ယူလာသည့် စကစ ယာဉ်အား PDF တမူးကတိုက်ခိုက်ရာ ရဲတပ်ကြပ်ဇနီးသေဆုံး Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.