မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

(ဟေမမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူအား အခင်းဖြစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၁)နေ့လယ်ပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ဟေမမာလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်ဝင်းဆိုသူဖြစ်ပြီး (၃၆) လမ်းနှင့် (၈၂) လမ်းအနီး ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

"ဆိုင်ကယ်စီးလာတာကို သေနတ်နဲ့ ကပ်ပစ်သွားတာ။ နှစ်ချက်လုံး ခေါင်းကိုကြီးပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှိုင်မောင်ဝင်း၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှစ်ချက်ရရှိပြီး ထိုဒဏ်ရာဖြင့်ပင် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင် လက်ဝေခံများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးအင်အားစုများက သုတ်သင်ရှင်းလင်းလျက်ရှိရာ ပြီးခဲ့သည့်နိုဝင်ဘာ ၈ ရက်ကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှ ပန်းချီထွန်းထွန်းဆိုသူ သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သည်။

People's Spring 


မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.