1.12.2021(WED) | 6:00 PM
ယနေ့ ဒီဇင်ဘာ(၁)ရက် ညနေ(၅)နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ရွာထဲမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးဌေးလွင်၏ နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး စတင်မီးရှို့လိုက်ကြောင်းသိရသည်။
မရှေးမနှောင်းတွင် သေနတ်ပစ်ဖောက်သံများ ရွာထဲက ဆက်တိုက်ကြားနေရကြောင်း ဒေသခံများက ပြောသည်။ ယခု ညနေ(၆)နာရီ ထိုးခါနီးထိ သေနတ်ပစ်ဖောက်သံများကြားနေရသည်။
အရာတော်မြို့နယ်တွင်း အချက်အခြာကျ လမ်းမတစ်ခုဖြစ်သည့် နောင်ကြီးအိုင်လမ်းပေါ်တွင် စစ်ကောင်စီ၏ကားများ မကြာခဏ မိုင်းဆွဲခံရသောကြောင့် နောင်ကြီးအိုင်ကျေးရွာအနီးတဝိုက်ကို စစ်တပ်က ဖိနှိပ်လျက်ရှိသည်။ မနေ့ကလည်း စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံခဲ့ရပြီး မအလတပ်ဖွဲ့များ ဒဏ်ရာရရှိသွားခဲ့ကာ ယနေ့ နေ့လည်(၁)နာရီခွဲခန့်ကလည်း စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment