အိမ်စီးကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို MVRF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သား ၃ ဦးသေဆုံ


မြိုင်၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါတဲ့ အိမ်စီးကားနှစ်စီးကို ဒီဇင်ဘာ ၄ ရက် ဒီကနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Myaing Villages Revolution Front - MVRF ဆီက သိရပါတယ်။ 

မကွေးတိုင်း၊ မြိုင်-ဗဟင်းလမ်းမပေါ် က ဘောင့်ဘင်ရွာအနီးမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစီးကတော့ ပျက်စီးသွားတယ်လို့ MVRF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“ဒီကောင်တွေက အိမ်စီးကားတွေနဲ့လာတာဗျ၊ အင်အားက ၂ စီးပေါင်းဆို ၁၅ ယောက်ဝန်းကျင်လောက်တော့ရှိမယ်ဗျ၊ စစ်သား‌တွေဒီလမ်းကဖြတ်သန်းသွားမှာကို သတင်းရတယ်၊

ကျနော်တို့အကြမ်းဖျင်းသိရတာကတော့ စစ်သား ၃ ယောက်သေတယ်” လို့ သူကဆက်ပြောပါတယ်။

မြို့မြို့နယ်မှာ မြိုင်PDF နဲ့ ကျေးရွာတွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ Myaing Villages Revolution Front -MVRF ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး MVRF အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း မြိုင်မြို့နယ်မြောက်ပိုင်း၊ ထွန်းမြရတနာလမ်းပေါ် မှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

အိမ်စီးကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို MVRF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သား ၃ ဦးသေဆုံ အိမ်စီးကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို MVRF မိုင်းဆွဲတိုက်ခိုက်လို့ တပ်သား ၃ ဦးသေဆုံ Reviewed by THITHTOOLWIN on 09:12 Rating: 5

No comments:

Powered by Blogger.