သေနတ်နဲ့ပစ်ခံရတဲ့ စစ်မှုထမ်းဟောင်းတဦး ဆေးရုံကိုသွားတဲ့လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရလို့သေဆုံး

ရေစကြို၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။ 

ရေစကြိုမြိုနယ်က စစ်မှူးထမ်းဟောင်းတဦးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း ယူဆထားသူတဦးကို  ဒီဇင်ဘာ ၃ရက် မနေ့ကမနက် ၈နာရီလောက်မှာသေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ 27 Revolution force  အဖွဲ့ဆီကသိရပါတယ်။ 

သေဆုံးသူဟာ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၁နယ်မြေ၊ ထင်းတန်းရပ်မှာနေတဲ့ ဦးမာတာ ဆိုသူဖြစ်ပြီး စစ်ကောင်စီအလိုကျလုပ်ကိုင်ဆောင်ရွက်နေတာတွေအပြင် ရေစကြိုမြို့နယ်အတွင်းက ဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူတာတွေလုပ်တာကြောင့် အခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့  27Revolution force ခေါင်းဆောင်က မြေလတ်အသံကို ပြောပါတယ်။

“နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ပျုစောထီးခေါင်းဆောင် နဲ့ အဖွဲ့ဝင်တွေက ပင့်သကူပစ်သယောင်နဲ့ ပါဆယ်ဗုံးတစ်လုံးကို NLD အဖွဲ့ဝင်မိသားစု အိမ်ရှေ့ကို လာပြီးထားခဲ့တယ်၊ အပြစ်မဲ့ပြည်သူလေးဦး နေရာမှာတင် ဆုံးပါးသွားပါတယ်၊ ဒါ့ကြောင့် PDF သုံးဖွဲ့ကရှင်းလင်းခဲ့တာ “ လို့ သူကဆက်ပြောပါတယ်။ 

ဦးမာတာဟာ စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီနဲ့ဆက်သွယ်နေတဲ့အတွက်ကြောင့် မနေ့က မနက် ၅နာရီလောက်မှာ ရေစကြို  PDF က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပေမယ့် နောက်ကျောနဲ့ခြေသလုံးကိုသာထိမှန်ခဲ့ပြီး ဆေးကုဖို့ မုံရွာဆေးရုံကိုသွားတဲ့ ဆင်ဖြူရှင် - ချောင်းဦးလမ်းအရောက်မှာ PDF သုံးဖွဲ့က နောက်ထပ်တစ်ကြိမ်ကြားဖြတ်ပစ်ခတ်ခဲ့တဲ့အတွက်သေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ 

ဒီရှင်းလင်းမှုကို 27Revolution force ကဦးဆောင်ပြီးThwayThauk Revolution Forcesနဲ့ People Defense Forceတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း  27Revolution force ဆီကသိရပါတယ်။

မြေလတ်အသံ - Myaelatt Athan  



သေနတ်နဲ့ပစ်ခံရတဲ့ စစ်မှုထမ်းဟောင်းတဦး ဆေးရုံကိုသွားတဲ့လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရလို့သေဆုံး သေနတ်နဲ့ပစ်ခံရတဲ့ စစ်မှုထမ်းဟောင်းတဦး ဆေးရုံကိုသွားတဲ့လမ်းမှာ ထပ်ပြီးတိုက်ခိုက်ခံရလို့သေဆုံး Reviewed by THITHTOOLWIN on 09:18 Rating: 5

No comments:

Powered by Blogger.