တန့်ဆည်မြို့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDF Taze Tiger အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ယောက်သေဆုံး


ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အ.ထ.က (၁) ကျောင်းအတွင်း တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ ဒီဇင်ဘာလ ၁ရက် နံနက် ၇နာရီ ၅၇ မိနစ်မှာ MDF Taze Tiger အဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းအတွင်း လူနာတင်ကားတွေ ရှုပ်နေတာကြောင့် ဒဏ်ရာရသူအရေအတွက်ကိုတော့ မသိရသေးဘူးလို့ Area 21 ကထုတ်ပြန်သည်။

MDF Taze Tiger အဖွဲ့ဟာ တန့်ဆည်ဒေသတွင်းမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး Area – 21 Revolution Network ရဲ့ အဖွဲ့ဝင် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည်။ 

MDF Taze Tiger အဖွဲ့ ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဒီနေ့မနက် အောင်မြင်မှုကို ပြည်သူနဲ့အတူ လေးစားဂုဏ်ယူကြောင်း Area – 21  Revolution Network က ထုတ်ပြန်ဂုဏ်ပြုထားသည်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

တန့်ဆည်မြို့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDF Taze Tiger အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ယောက်သေဆုံး တန့်ဆည်မြို့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDF Taze Tiger အဖွဲ့မှ  မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ယောက်သေဆုံး Reviewed by THITHTOOLWIN on 17:29 Rating: 5

No comments:

Powered by Blogger.