ကလေးမြို့နယ်၊ လယ်ခြားကျေးရွာကို စစ်တပ်က ဝင်‌ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်များကို မီးရှို့


ဂန့်ဂေါ ဒီဇင်ဘာ ၁

ယနေ့ ဒီဇင်ဘာလ ၁ရက် မနက်က ကလေးမြို့နယ်တောင်ပိုင်း လယ်ခြားကျေးရွာရှိ နေအိမ် ၈ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က  ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါတယ်။ 

" ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၂၂ လက်မောင်းတံဆိပ်ကို တွေ့ရကြောင်း၊ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၁၅ လုံး၊ နိုဝင်ဘာ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးနှင့် ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် လယ်ခြားကျေးရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် ကုက္ကိုလ်ကျေးရွာအတွင်းသို့ ဝင်ရောက်နေကြောင်း " ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။ 

Gangaw Youths Voice



ကလေးမြို့နယ်၊ လယ်ခြားကျေးရွာကို စစ်တပ်က ဝင်‌ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်များကို မီးရှို့  ကလေးမြို့နယ်၊ လယ်ခြားကျေးရွာကို စစ်တပ်က ဝင်‌ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်များကို မီးရှို့ Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.