မကွေးတိုင်းက ရွာတွေမှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေလို့ ဒေသခံတွေစိုးရိမ်


မကွေး၊ ဒီဇင်ဘာ ၁၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်က ‌ကျေးရွာတချို့မှာ စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းနေလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ရွာအကြီးအသေးပေါ်မူတည်ပြီး ရွာတစ်ရွာကို ၅ယောက်ကနေ အယောက်၂၀ အထိ‌ပေးရမယ်လို့ ကျေးရွာအုပ်ချုပ်ရေမှူးတွေကို ဖိအားပေးပြီး တပ်သားစုဆောင်းနေတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

”ထောက်ပို့အတွက်သုံးဖို့လို့ပြောတယ် လူသားဒိုင်းဖြစ်သွားနိုင်တယ်၊ ဘယ်သူမှမလိုက်ချင်ကြလို့ အုပ်မှူးတွေအကြပ်ရိုက်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာအချို့မှာတော့ စစ်သားစုဆောင်းရေးအတွက် မဲနှိုက်ပြီးရွေးချယ်သွားမည့် အစီအစဉ်ကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

မကွေးတိုင်းက ရွာတွေမှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေလို့ ဒေသခံတွေစိုးရိမ် မကွေးတိုင်းက ရွာတွေမှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေလို့ ဒေသခံတွေစိုးရိမ် Reviewed by THITHTOOLWIN on 17:25 Rating: 5

No comments:

Powered by Blogger.