စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ လေကြောင်းလှိုင်းတွေနဲ့ ခရီးသွားလာခြင်းမပြုကြဖို့ KNDF သတိပေးတိုက်တွန်း


ဒီဇင်ဘာ  ၃

စစ်ကောင်စီရဲ့ စစ်ဗျူရိုကရက် ယန္တရားလည်ပတ်နိုင်ဖို့ ဝင်ငွေရလမ်းဖြစ်တဲ့ လေကြောင်းလှိုင်းတွေကနေ ခရီးသွားလာခြင်းမပြုကြဖို့ KNDF က ဒီကနေ့မှာ သတိပေးတိုက်တွန်းတဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်  အာဏာကို လက်နက်အားကိုးနဲ့ အကြမ်းဖက် သိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစလို့ နိုင့်ငံဘဏ္ဏာငွေနဲ့ ဝင်ငွေအရင်းအမြစ်တွေဖြစ်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အားလုံးကို အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်လိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အဲ့ဒီ စီးပွားရေး လုပ်ငန်းတွေကနေ ရတဲ့ ဘဏ္ဏာ ငွေတွေ ကို အသုံးပြုကာ စစ်ဗျူရိုကရက်ယန္တရားကို လည်ပတ်စေပြီးတော့ ပြည်သူလူထုကိုဖိနှိပ်တာ နဲ့ တော်လှန်ရေး အင်အားစုတွေ ကို တိုက်ခိုက်ဖြိုခွင်းတာတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့အမျိုးသား လေကြောင်းလှိုင်းဟာ နိုင်ငံပိုင် လေကြောင်းလှိုင်းဖြစ်ပြီးတော့ အဲ့ဒီ လေကြောင်း လှိုင်း ကနေ အကြမ်းဖက်စစ်အုပ်စုက ဝင်ငွေတွေ ရရှိနေတဲ့အပြင် အဲ့ဒီလေကြောင်းလှိုင်းဟာ လွိုင်ကော်မြို့ကိုပျံသန်းလျက်ရှိပြီး ကရင်နီပြည်သူ တွေလည်း စီးနှင်းလိုက်ပါလျက်ရှိနေတယ်လို့ KNDF က ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးဘက်မှာ လည်း အကြမ်းဖက် စစ်ကောင်စီဟာ ကရင်နီပြည်အတွင်းကို တပ်အင်းအား နဲ့ လက်နက်ရိက္ခာတွေကို ခရီးသည်တင် လေယာဥ်တွေနဲ့ သယ်ယူပို့ဆောင်လျက်ရှိနေပါတယ်။

ဒါ့ကြောင့် မြန်မာ့အမျိုးသားလေကြောင်းလှိုင်းကနေ အကြမ်းဖက်စစ်ကောင်စီတွေ ဝင်ငွေရနေတဲ့ အပြင် စစ်ရေးအရ အသုံးပြုတဲ့ လေကြောင်းလှိုင်းဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လိုက်ပါစီးနှင်းခြင်းမပြုကြဖို့ KNDF က အသိပေးတိုက်တွန်းထားတာပါ။

ဒါ့အပြင် လွိုင်ကော်လေဆိပ်မှာ လည်း အကြမ်းဖက်စစ်ကောင်စီရဲ့  စစ်လေယာဥ်​ေတွဆင်းသက်လျက်ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့  လုံခြုံရေးအသိထားပြီး လေကြောင်းကနေ ခရီးမထွက်ကြဖို့ အထူးတိုက်တွန်းအပ်ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။


National Unity Media - NUM 

စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ လေကြောင်းလှိုင်းတွေနဲ့ ခရီးသွားလာခြင်းမပြုကြဖို့ KNDF သတိပေးတိုက်တွန်း စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ လေကြောင်းလှိုင်းတွေနဲ့ ခရီးသွားလာခြင်းမပြုကြဖို့ KNDF သတိပေးတိုက်တွန်း Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.