ထူလွှီးဘီလာကျေးရွာက နေအိမ် (၅) လုံး စစ်ကောင်စီမီးရှို့ဖျက်ဆီး



ဒီဇင်ဘာ ၃

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ထူလွှီးဘီလာ ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက KNDF နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ကျေးရွာက ပြည်သူ့နေအိမ် (၅) လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာ နဲ့ ခြေတော်ရာဘုရားအနီးမှာ ဒီကနေ့ နေ့လယ်  ၁၂ နာရီ ၅၀ မိနစ်က စလို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့  ကရင်နီတပ်မတော် (KA)၊KNDF တို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲမှာ မွန်းလွဲ (၁) နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်တဲ့အပြင်  စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ထိုတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က ထူလွှီးဘီလာကျေးရွာအတွင်းက ပြည်သူ့နေအိမ် (၅) လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ KNDF က ဆိုပါတယ်။

 ဒါ့အပြင် အဲ့ဒီညတိုက်ပွဲအတွင်းက အထိခိုက်ကျဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခြေတော်ရာဘုရားတောင် နဲ့ သဲတောင် တို့မှာ တပ်စွဲထားပြီး တောင်ခြေရပ်ကွက်တွေမှာ တပ်ဖြန့်ထားပြီးတော့ ပြည်သူ့ ပစ္စည်းဥစ္စာတွေကို လုယူတာတွေ၊ နေအိမ်တွေ ကို မီးရှို့ဖျက်စီးတာတွေ  စတဲ့ စစ်ရာဇဝတ်မှုတွေ ကို ကျူးလွန်လျက်ရှိ​တေယ်လို့ KNDF က ဆိုပါတယ်။


National Unity Media - NUM 

ထူလွှီးဘီလာကျေးရွာက နေအိမ် (၅) လုံး စစ်ကောင်စီမီးရှို့ဖျက်ဆီး ထူလွှီးဘီလာကျေးရွာက နေအိမ် (၅) လုံး စစ်ကောင်စီမီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.