မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မန်းမြို့တော်ဝန် ဒေါက်တာ ရဲလွင် ကို ထောင်ဒဏ်အသီးသီးချမှတ်


ဒီဇင်ဘာ ၈၊ ၂၀၂၁ 

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ တရားရုံးအမည်ခံ ရုံးက ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။ 

ဒေါက်တာ ဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ အမှုကို ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၀ အတွက် ထောင်ဒဏ် ၁ နှစ် တပေါင်းတည်းကျခံစေတာဖြစ်ပါတယ်။ 

မန္တလေးတိုင်း အိုးဘိုထောင်တွင်းက တရားအမည်ခံ ရုံးမှာ အမိန့်ချခဲ့တာပါ။ ဒီလို မတရားစွတ်စွဲထားတဲ့ စွဲချက်သုံးမှုအတွက် စုစုပေါင်း ၄ နှစ် ထောင်ဒဏ်ချမှတ်ခံရတာပါ။

အခု ချက်မှတ်လိုက်တဲ့ အမှု ၃ မှုအပြင် နောက်ထပ် မတရားစွဲဆိုထားတဲ့ အမှု ၇ မှု ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 

ဒါပြင် မန္တလေးတိုင်း မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကိုလဲ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ အမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။ 

နောက်ထပ် တိုင်းအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်း နဲ့ မန္တလေးခရိုင် ဒီချုပ် ဥက္ကဋ္ဌ ဦးတင်ကိုကို တို့ကိုလဲ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့  ထောင်ဒဏ်  ၃စီ ချခဲ့တယ်လို့သိရပါတယ်။


Public Voice Television 

မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မန်းမြို့တော်ဝန် ဒေါက်တာ ရဲလွင် ကို ထောင်ဒဏ်အသီးသီးချမှတ် မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မန်းမြို့တော်ဝန် ဒေါက်တာ ရဲလွင် ကို ထောင်ဒဏ်အသီးသီးချမှတ် Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.