နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃ဦးသေ ၂ဦးဒဏ်ရာရ



ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်တို့ မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ညပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်ရဲစခန်း နဲ့ ငွေတောင် (၄၂၇) တပ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်မှာလည်း ခြေတော်ရာဘုရားတောင်၊ သဲတောင် နဲ့ ထူလွှီးဘီလာကျေးရွာပိုင် ခရော့(စ်)တောင်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ညနေပိုင်းထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


Kantarawaddy Times 


နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃ဦးသေ ၂ဦးဒဏ်ရာရ နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃ဦးသေ ၂ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.