ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား


ဒီဇင်ဘာ ၈ ၊ ၂၀၂၁

အကြမ်းဖက်စစ်ကောင်စီဟာ  ရှုံးနိမ့်မှုတွေကြောင့် အမျိုးမျိုးဖိနှိပ် ရက်စက်အကြမ်းဖက်တဲ့ အနေအထားမျိုးတွေ ပိုမိုတွေ့လာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ယနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ လတ်တလော စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် မီးမောင်းထိုး ပြောကြားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဆန္ဒပြလူငယ်တွေကို နောက်မှ ကားဖြင့်ဝင်တိုက်တာ၊ အပြစ်မဲ့ရွာသားတွေကို မီးရှို့သတ်ဖြတ် တာတွေ လုပ်ဆောင်ခဲ့ရာ ဒီလိုအဖြစ်အပျက်တွေဟာ ရင်နာစရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ အပြုအမူတွေဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်လက်ရှိနေတာဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနိုင်သကဲ့သို့ NUG အစိုးရအဖွဲ့အတွက် လည်းအလွန်ဝမ်းမြောက်ဂုဏ်ယူစရာ အခြေအနေဖြစ်ကြောင်းဝန်ကြီးချုပ်က ပြောပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊ အတွင်းဝန်တွေနဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ကာ မြေပြင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုအခြေအနေ၊ နယ်မြေဆိုင်ရာအုပ်ချုပ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


Public Voice Television 

ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.