မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား

မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေဝင်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာ ဖြေရှင်းသင့်ပြီး ပြည်ပကနေဝင်ရောက် ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ နိုင်ငံခြားသံတမန်တွေကိုလက်ခံတဲ့ အခမ်းအနားမှာ ရုရှား သမတပူတင်က ပြောဆိုခဲ့တာပါ။

နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးအဖြေရှာရေးအပေါ်မှာ အခြေခံပြီး မြန်မာပြည်သူတွေကဘဲ ဖြေရှင်းသင့်တယ်လို့ဆိုပါတယ်။

ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာ အစဉ်အလာအရ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်လာအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ရုရှား သမတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အရှေ့တောင်အာရှအသင်း ASEAN က လုပ်ငန်းစဉ် ၅ ရပ်နဲ့ကြားဝင်ဆောင်ရွက် ပေးဖို့ ကျိုးပမ်းခဲ့ပေမယ့် မြန်မာစစ်အာဏာပိုင်တွေကအပြည့်အဝပူးပေါင်း ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အာစီယံကမြန်မာစစ်ခေါင်းဆောင်တွေအပေါ်အရေးယူ ဆောင်ရွက်မှုတွေလုပ် ထားပါတယ်။ ဒါ့အပြင် အရပ်သားတွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရ သူတွေသိန်းနဲ့ချီရှိလာနေကြောင်း ကုလသမဂ္ဂတာဝန် ရှိသူတွေကတော့ ပြောဆိုထားပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား မြန်မာ့ပြဿနာ ဖြေရှင်ရေးး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမ္မတ ပြောကြား Reviewed by THITHTOOLWIN on 06:18 Rating: 5

No comments:

Powered by Blogger.