စစ်ကောင်စီတပ်တွေ ဝင်စီးလို့ ကလေးတောင်ပိုင်းရွာတွေက ဒေသခံတွေ ထွက်ပြေး

ကလေးမြို့တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာအချို့ကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးလို့ ယူဆရတဲ့ အရပ်သားလက်နက်ကိုင်တွေ လာရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံတွေက တောထဲကို တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံခဲ့ရလို့အနီးအနားကျေးရွတွေက လူဦးရေ တစ်သောင်းဝန်းကျင်လောက် ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စစ်ဘေးတိမ်းရှောငိနေရတယ်လို့ ပြောပါတယ်။

ဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်တွေနဲ့ အရင်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကလေး ဂန့်ဂေါ်လမ်းဘေးအနီးတဝိုက်က ကျေးရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျောတ်ပြုတ်ရွာမှာ အထိုင်ချပြီး အခုလို ရွာတွေကို ပစ်ခတ်မှုတွေလုပ်နေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ၂၉ ရက် က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေရှင်ရွာအရှေ့ဘက်ခြမ်းက နေအိမ် ၁၂လုံးအထိမီးရှို့ခံခဲ့ရပြီး နိုဝင်ဘာ၃၀ရက် မနက်ပိုင်းမှာလည်း ရှေရှင်အပါအဝင် ကျေးရွာ ၈ ရွာက စစ်ဘေးရှောင်ထွက်ပြေးနေထိုင်နေသူတွေရဲ့ လယ်တဲ ၅ လုံးကို မီးရှို့ခဲ့တယ်လို့ ထွက်ပြေးနေရသူ ရှေရှင်ဒေသခံကပြောပါတယ်။

နွားရွာ၊ ရှားတော၊ ကုက္ကို၊ လယ်ချား၊ ရေရှင်၊ အိမ်ကျွမ်း၊ ကျောက်ဆယ်၊ ကြံသာ စတဲ့ရွာ ၈ရွာကဒေသခံတွေက ပစ်ခတ်မှုတွေဖြစ်နေတဲ့ ပြီးခဲ့တဲ့လပိုင်းတွေကထဲက ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး သူတို့တိမ်းရှောင် နေတဲ့ နေရာတွေအထိ စစ်တပ်ဘက်က လိုက်လံစီးနင်းနေတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။

BBC Burmese

စစ်ကောင်စီတပ်တွေ ဝင်စီးလို့ ကလေးတောင်ပိုင်းရွာတွေက ဒေသခံတွေ ထွက်ပြေး စစ်ကောင်စီတပ်တွေ ဝင်စီးလို့ ကလေးတောင်ပိုင်းရွာတွေက ဒေသခံတွေ ထွက်ပြေး Reviewed by THITHTOOLWIN on 06:15 Rating: 5

No comments:

Powered by Blogger.