ခင်ဦးတွင် ဒလန်ဟု သတင်းထွက်သူ လေးဦးကို တောကြီးမြွှေဟောက်အဖွဲ့က တစ်နေ့တည်း ရှင်းလင်း

ဓာတ်ပုံ၊ ပေးပို့ 

 ဒီဇင်ဘာ - ၃  

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒလန်ဟု သတင်းထွက်သူ လေးဦးကို ယနေ့တစ်ရက်တည်း၌ ရှင်းလင်းခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့ (King Cobra – Khin U) က ထုတ်ပြန်သည်။ 

ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် အသက် (၅၀)ကျော်အရွယ်ရှိ ဦးခင်မောင်ဌေးနှင့် သားဖြစ်သူ ပျူစောထီး အဖွဲ့ဝင် အသက် (၃၀)ကျော် ကိုကျော်သူလှတို့ကို ယနေ့နံနက် (၈)နာရီအချိန်က ၎င်းတို့၏ နေအိမ်၌ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

အလားတူ ကျောက်ချောရွာမှ စစ်ကောင်စီသတင်းပေး မိုးခိုင်ဆိုသူနှင့် ခင်ဦး PDF စခန်းကို စစ်ကောင်စီများ ဝင်ရောက်စီးနင်းခဲ့စဉ်က လမ်းပြခဲ့သူ ထနောင်းကိုင်းကြီးရွာသား မြဒေါင်း ဆိုသူတို့ကိုလည်း ယနေ့နံနက် (၁၁)နာရီခန့်က ရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်။ 

တောကြီးမြွေဟောက်အဖွဲ့သည် ခင်ဦးမြို့နယ်အတွင်းမှ စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူများကို ရှင်းလင်းနေသည့်အဖွဲ့တစ်ခုဖြစ်ပြီး ယနေ့အထိ (၇၃)ဦးကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ 


Mandalay Free Press - MFP

ခင်ဦးတွင် ဒလန်ဟု သတင်းထွက်သူ လေးဦးကို တောကြီးမြွှေဟောက်အဖွဲ့က တစ်နေ့တည်း ရှင်းလင်း ခင်ဦးတွင် ဒလန်ဟု သတင်းထွက်သူ လေးဦးကို တောကြီးမြွှေဟောက်အဖွဲ့က တစ်နေ့တည်း ရှင်းလင်း Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.