ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် အပစ်ခံရ


အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှစိုး  ယမန်နေ့က သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသခံအချို့ကက​ပြောသည်။

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးကိုယမန်နေ့ (ဒီဇင်ဘာ ၂ ရက်)ည ၉ နာရီခန့်တွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ် တာဝန်ထမ်းဆောင်နေဆဲဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

" ဦးလှစိုး သေနတ်နဲ့အပစ်ခံရတယ်။ရုံးနဲ့သိပ်မဝေးဘူး အပစ်ခံရတဲ့နေရာက။ အခုထိတော့  မသေသေးဘူး။ ဆေးကုနေတယ်လို့ကြားတယ်"ဟုအထက်ပါဝန်ထမ်းကပြောသည်။

ဦးလှစိုးသည် စစ်တပ်အာဏာသိမ်းခဲ့သည့်  ဖေဖော်ဝါရီလဆန်းအထိ တီးတိန်မြို့တွင်တာဝန်ကျခဲ့သည်။စစ်တပ်၏ လူယုံအဖြစ် ရပ်တည်ကာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တားမြစ်ခဲ့၍ တီးတိန်မြို့ခံများက 

ရှုတ်ချခဲ့ကသည်။ ထို့နောက်တွင်စစ်ကောင်စီကကလေးမြို့သို့ ​ရွှေ​ပြောင်း​ပေးခဲ့ပြီးနောက် က​လေးမြို့တွင် စစ်​ကောင်စီကိုကူညီလုပ်ကိုင်​နေစဥ်သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုထွေအုပ်ဝန်ထမ်းတစ်ဦးကလည်းပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲများက​လေးမြို့တွင်တက်ကြွစွာပြုလုပ်ခဲ့သလို ၊လက်နက်ဆွဲကိုင်၍ ခုခံ​​တော်လှန်ရာတွင်လည်း က​​လေးမြို့သည် ​ရှေ့တန်းမှပါဝင်သည်)


People's Spring

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် အပစ်ခံရ ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် အပစ်ခံရ Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.