အသံတိတ်သပိတ်ပြုလုပ်မည့်နေ့တွင် စျေးဆိုင်များနှင့် ကုမ္ပဏီလုပ်ငန်းအချို့လည်း ပူးပေါင်းပါဝင်မည်

ဓာတ်ပုံ- လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်ကမ်ပိန်း

ရန်ကုန်၊ ဒီဇင်ဘာ ၈

အသံတိတ်သပိတ်ဆင်နွဲမည့် ဒီဇင်ဘာ၁၀ရက်တွင် စျေးဆိုင်များနှင့်ကုမ္ပဏီလုပ်ငန်းအချို့က ပူးပေါင်းပါဝင်သည့်အနေဖြင့် ဆိုင်ပိတ်ထားခြင်း၊ လုပ်ငန်းယာယီနားခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းတို့၏ဖေ့ဘွက်ခ်လူမှုကွန်ရက်မှ တဆင့် အသိပေးထားကြကြောင်း သတင်းရရှိသည်။

စစ်အာဏာရှင်ကို တော်လှန်နေကြသည့် မြန်မာနိုင်ငံသားများစွာက လာမည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် အကြမ်းမဖက်၊ အသံတိတ်သပိတ်ဆင်နွဲရန် ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

ယင်းနေ့မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းမထက်တွင် ကားမရှိ၊ လူမရှိ၊စျေးဆိုင်များမဖွင့်ဘဲ အသံတိတ်ဆန္ဒပြရန်စစ် အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များကတိုက်တွန်းထားသည်။

"အစ်မတို့ ပါဝင်နိူင်တဲ့လှုပ်ရှားမှု ဖြစ်လို့ရတဲ့နည်းနဲ့ပါဝင်မယ်။ အဲဒီနေ့ဆိုင်ပိတ်ထားမယ်။ အခြားသူငယ်ချင်းတွေကိုလည်း စည်းရုံးထားတယ်"ဟု အလှကုန်နှင့် အွန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၀ရက်နေ့၌ "ငါတို့မြို့ငါတို့ပိုင်တယ်"၊"ငါတို့ငြိမ်ချင်ငြိမ်မယ် လှုပ်ချင်လှုပ်မယ်"ဆိုသည့် အာဏာရှင်ဆန့်ကျင်ရေးစိတ်ဖြင့် လှုပ်ရှားရန် အသိပေးမှုလည်း ပြုလုပ်ထားသည်။

ထို့အပြင် ယင်းနေ့၌ အနက်ရောင်အကျီဝတ်ဆင်၍ လက်သုံးချောင်းထောင်ထားသောပုံဖြင့် လူမှုကွန်ရက်တွင်တင်ကာ ပါဝင်ကြရန်လည်း လှုံ့ဆော်ထားသည်။

အကြမ်းဖက် စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြသည့် မြန်မာပြည်သူများသည် မတ်လ ၂၄ ရက်နေ့ကလည်း အသံတိတ်ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။ 


Lu Nge Khit

အသံတိတ်သပိတ်ပြုလုပ်မည့်နေ့တွင် စျေးဆိုင်များနှင့် ကုမ္ပဏီလုပ်ငန်းအချို့လည်း ပူးပေါင်းပါဝင်မည် အသံတိတ်သပိတ်ပြုလုပ်မည့်နေ့တွင် စျေးဆိုင်များနှင့် ကုမ္ပဏီလုပ်ငန်းအချို့လည်း ပူးပေါင်းပါဝင်မည် Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.