သာကေတမြို့နယ်မှာ ဆယ်အိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၆ရပ်ကွက်ထဲမှာ ဒီကနေ့ဒီဇင်ဘာ ၁ရက်နေ့မနက်ပိုင်းက စစ်ကောင်စီဆယ်အိမ်မှူး ကိုဝင်းကြိုင်ဆိုသူပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

သာကေမြို့နယ်အတွင်းက ဝေဇယန္တာ ၁၃ လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီးနေရာမှာပဲသေဆုံးသွားတယ်လို့ အနီးအနားနေသူတွေကပြောပါတယ်။

“ မနက် ၈နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ သူကဆယ်အိမ်မှူးသတင်းပေးလို့လည်း နာမည်ကြီးတယ်။ သူအပစ်ခတ်ခံရပြီး စစ်တပ်ကရပ်ကွက်ထိပ်မှာဆိုင်ကယ်တွေစောင့်ဖမ်းတာရှိတယ်။ ကားတွေလည်း အများကြီးပတ်နေတယ်။ အနားက CCTV တွေလည်း လိုက်ကြည့်နေတယ်"”လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခုလို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ သတင်းပေးလို့နာမည်ကြီးသူတွေတွေပစ်ခတ်သေဆုံးမှုနဲ့တွေဟာဆိုရင်ရန်ကုန်အပါအဝင်တိုင်းဒေသကြီး တွေမှာ ၂၄၀ ကျော်ဝန်းကျင်ရှိနေပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးက ပြီးခဲ့တဲ့လက ထုတ်ပြန်ပြောဆိုထားပါတယ်။

BBC Burmese

သာကေတမြို့နယ်မှာ ဆယ်အိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး သာကေတမြို့နယ်မှာ ဆယ်အိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 17:18 Rating: 5

No comments:

Powered by Blogger.