လှိုင်သာယာက ကျူးကျော်တွေ ဘူဒိုဇာနဲ့ ဖျက်ဆီးရှင်းလင်းခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁ ထိပ်ကနေ တပင်ရွှေထီးလမ်း တစ်ဝိုက်မှာရှိတဲ့ ကျုးကျော်တဲတွေကို စစ်သားနဲ့ ရဲ အင်အား ၅၀ လောက်ပါတဲ့ အဖွဲ့က ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး အဲဒီလမ်းတစ်ဝိုက်ကို ပိတ်ဆို့ကာ စစ်သားနဲ့ ရဲတွေက ကျုးကျော်အိမ်နဲ့ ဆိုင်တွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်တစ်ပိုင်းကတော့ အတော်ဆိုးသွားပါတယ်။ ဖျက်နေရင်တောင် ဖယ်ခိုင်းပြီး ဘူဒိုဇာနဲ့ ဝင်ထိုးသွားတာပါ။ လမ်းရှိသမျှ အကုန်နီးပါးပဲဗျ ဖျက်ပေးထားလို့ အောက်ခံကြွေပြား ကျန်ခဲ့ရင်တောင် ထိုးကလော်သွားတာပါပဲ "

အခုဖယ်ရှားခံလိုက်ရတဲ့ လမ်းတစ်ဝိုက်မှာ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် အများဆုံးရှိပြီး နေအိမ်တချို့လည်းရှိကာ ဒီနေ့ ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့ ဆိုင်ခန်းနဲ့ နေအိမ် အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လှိုင်သာယာမြို့နယ်ထဲက ကျုးကျော်အိမ်နဲ့ ဆိုင်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စက်ယန္တယားတွေသုံးပြီး လိုက်လံဖယ်ရှား ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်ကလည်း ရန်ကုန်-ပုသိမ် လမ်းမကြီးတစ်လျှောက်က ကျုးကျော်တွေကို ဖယ်ရှားခဲ့သလို နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ အိမ်ရှေ့ရေမြောင်းကို ကျော်ပြီးထုတ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံသတိပေးတာ ရှိခဲ့ပါတယ်။

RFA Burmese 

လှိုင်သာယာက ကျူးကျော်တွေ ဘူဒိုဇာနဲ့ ဖျက်ဆီးရှင်းလင်းခံရ လှိုင်သာယာက ကျူးကျော်တွေ ဘူဒိုဇာနဲ့ ဖျက်ဆီးရှင်းလင်းခံရ Reviewed by THITHTOOLWIN on 17:21 Rating: 5

No comments:

Powered by Blogger.