ဆားလင်းကြီးတွင် မိုင်းထိသဖြင့် မြို့နယ်ရဲမှူး အပါအဝင် စကစ နှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊အလောင်းလာကောက်သော်လည်း မိုင်းထိသည့်ကားကို လာယူသူမရှိသေ

ဆားလင်းကြီး - ညောင်ပင်ကြီး ကားဘမ်းဘေးတွင် တွေ့ရသော မိုင်းထိထားသည့် ကား/ Photo – CJ

MFP ၊ ဒီဇင်ဘာ - ၅

စစ်ကိုင်းတိုင်း ဆားလက်းကြီးမြို့နယ် တုံရွာအနီး ညောင်ပင်ကြီးလမ်းပေါ်တွင် ယမန်နေ့ ဒီဇင်ဘာ(၄)ရက် ညနေပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် မြို့နယ်ရဲမှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေကာ အခြား နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက MFP သို့ ပြောသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများ၏ အလောင်းများကို လာကောက်သွားသော်လည်း မိုင်းထိထားသော ကားကိုမူ လာရောက်သယ်ယူသူ မရှိသေးဘဲ ယနေ့ မနက်ပိုင်းအထိ  ကားလမ်းဘေးတွင် ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"အလောင်းက မနေ့ကတည်းက လာကောက်သွားပြီ။ လူနာတင်ကား လာတယ်။ မိုင်းထိတဲ့ကားက ကျန်တာဖြစ်မယ်။ ဒီမနက်အထိ ဒီအတိုင်းပဲ" ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

ဒီဇင်ဘာ(၄)ရက်၊ ညနေ (၄)နာရီဝန်းကျင်က ဆားလင်းကြီး - ညောင်ပင်ကြီး လမ်ပေါ်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ဖြတ်သန်းသွားလာမည် ဆိုသော သတင်းကြောင့် Salingyi G-Z Local PDF နှင့် Monywa UG group တို့ မဟာမိတ် ပြောက်ကျားတပ်ဖွဲ့နှစ်ခု ပူးပေါင်းကာ စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ မဟာမိတ်ညီနောင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်နက်ကိုင်များဖြစ်သော ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မျိုးထွန်း ဆိုသူနှင့် ရဲတပ်သား မျိုးလှိုင် ဆိုသူတို့နှစ်ဦး နေရာတွင်ပင် သေဆုံးကာ အခြားသော ရဲအုပ်အဆင့်ရှိသူနှင့် ရဲတပ်ကြပ်အဆင့်ရှိသူ နှစ်ဦးလည်း အပြင်အထန် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော အနေအထားဖြစ်သည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။

Mandalay Free Press - MFP



ဆားလင်းကြီးတွင် မိုင်းထိသဖြင့် မြို့နယ်ရဲမှူး အပါအဝင် စကစ နှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊အလောင်းလာကောက်သော်လည်း မိုင်းထိသည့်ကားကို လာယူသူမရှိသေ ဆားလင်းကြီးတွင် မိုင်းထိသဖြင့် မြို့နယ်ရဲမှူး အပါအဝင် စကစ နှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ၊အလောင်းလာကောက်သော်လည်း မိုင်းထိသည့်ကားကို လာယူသူမရှိသေ Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.