အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ်ချမှတ်ခံရမှုကို အလွန်စိုးရိမ်ကြောင်း ကုလလုံခြုံရေးကောင်စီပြော


မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားလူပုဂ္ဂိုလ်တွေ ထောင်ဒဏ်ချမှတ်ခံရတာကို အလွန်စိုးရိမ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ပြောလာပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် (စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး) ကတည်းက အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း လုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုပါတယ်။

မြန်မာပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ထောက်ခံသလို၊ ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ်တွေကို အလေးထားဖို့ လိုအပ်တာ၊ နောက် အကြမ်းဖက်မှုရှောင်ကြဉ်ဖို့၊ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ဆန္ဒကိုကြည့်ပြီး ရင်ကြားစေ့ရေးနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုလုပ်ကြဖို့၊ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်တွေကို အပြည့်အ၀ လေးစားလိုက်နာပြီး ဥပဒေစိုးမိုးရေးထိန်းသိမ်းဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးထားပြောဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လျှောက်ဖို့၊ အကြမ်းဖက်မှုရှောင်ဖို့ တောင်းဆိုနေတာ မြန်မာနိုင်ငံအတွင်းမှာ အာဏာသိမ်းမှု စတင်ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်အပေါ် တိကျခိုင်မာတဲ့အရေးယူလုပ်ဆောင်ချက်မျိုး လုံခြုံရေးကောင်စီဘက်က မဖော်ဆောင်နိုင်သေးတဲ့အပေါ် မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူတွေက ထောက်ပြပြောဆိုနေကြဆဲဖြစ်ပါတယ်။

BBC Burmese
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ်ချမှတ်ခံရမှုကို အလွန်စိုးရိမ်ကြောင်း ကုလလုံခြုံရေးကောင်စီပြော အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ်ချမှတ်ခံရမှုကို အလွန်စိုးရိမ်ကြောင်း ကုလလုံခြုံရေးကောင်စီပြော Reviewed by THITHTOOLWIN on 17:48 Rating: 5

No comments:

Powered by Blogger.