မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စျေးသည်တွေကို စစ်ကောင်စီခြိမ်းခြောက်


မြေလတ်၊ ဒီဇင်ဘာ ၉၊ ၂၀၂၁။

မကွေးတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ်တချို့မှာတော့ မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စစ်ကောင်စီက စျေးသည်တွေကို ခြိမ်းခြောက်‌နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးမြို့နဲ့ ပြည်မြို့က စျေးသည်တွေကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

"မနက်ကလာပြောတာ ဆိုင်တွေကိုလိုက်ပြောနေတာ ဟုတ်တယ်။ မနက်ဖန်ကို မဖြစ်မနေ ဖွင့်ရမယ်တဲ့။ မဖွင့်တဲ့သူတွေ တရားစွဲခံရမယ်လို့ ပြောတယ်။ ပိတ်ရဲတဲ့သူ ပိတ်လို့ပြောတယ်" လို့ ပြည်မြို့က ‌ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

မကွေးမြို့မှာတော့ တိုင်းအစိုးရရုံးက အစည်းဝေးခေါပြီး မဖြစ်မနေဆိိုင်ဖွင့်ဖို့ ‌ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ မကွေးမြို့က ဒေသခံတဦးက ပြောပါတယ်။

"မနက်ဖြန်ကို အကုန်လုံးဖွင့်ရမယ်ပေါ့၊ မဖွင့်တဲ့ဆိုင် နောက်တစ်သက်လုံး ဖွင့်ရလိမ့်မယ်မထင်နဲ့လို့ အစည်းအဝေးမှာခြိမ်းခြောက်ပြောဆိုပါတယ်။ နောက်တခုက မကွေးမြို့မဈေးက ဈေးသည်တွေကို အတင်းမထွက်မနေရဆိုပြီး စည်ပင်ဝန်ထမ်းတွေနဲ့ရဲတွေက ဈေးသည်တွေကို အတင်းလက်မှတ်ထိုးခိုင်းပါတယ်" မကွေးမြို့ ဒေသခံတဦးက ပြောပါတယ်။

မနက်ဖြန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ Silence Strike ပြုလုပ်မဲ့နေ့ဖြစ်ပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ဖို့၊ စျေးဆိုင်တွေ မဖွင့်ဖို့နဲ့ အိမ်မှာပဲ အနက်ရောင်များဝတ်ဆင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတဲ့ နေ့ဖြစ်ပါတယ်။

မြေလတ်အသံ - Myaelatt Athan 

မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စျေးသည်တွေကို စစ်ကောင်စီခြိမ်းခြောက် မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စျေးသည်တွေကို စစ်ကောင်စီခြိမ်းခြောက် Reviewed by THITHTOOLWIN on 17:53 Rating: 5

No comments:

Powered by Blogger.