ရေဦး - တန့်ဆည် - ကလေးဝလမ်းပိုင်းတွင် မော်တော်ယာဉ်များ အတွင်းပိုင်း မြင်သာမှုရှိစေရန် လုပ်ထားရန် မေတ္တာရပ်ခံထား


ရေဦး - တန့်ဆည် - ကလေးဝလမ်းပိုင်းတွင် ပြေးဆွဲသွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် အာဏာသိမ်းစစ်တပ်မှမဟုတ်ကြောင်း သိသာမြင်သာမှုရှိအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများဘေးကင်းစေရေး ပူးပေါင်းပါဝင်ကြရန် MDF- Taze Tiger က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်အတွင်း အင်အားဖြည့်တင်းဝင်ရောက်နေရာတွင် အရပ်သားယာဉ်များပါ အသုံးပြုနေသဖြင့် အများပြည်သူအနေဖြင့် ဘေးကင်းစေရန် ကုန်ကားများကို မိုးကာမအုပ်ခြင်း၊ အိမ်စီးကားများကို မှန်များချထားခြင်း၊ SKAT ဖောကားများ အခွံဖြစ်ပါက နောက်ဖုံးဖွင့်၍ မောင်းနှင်ကြရန်နှင့် နံနက် (၆)နာရီမှ ညနေ (၅)နာရီအတွင်းသာ သွားလာကြပါရန် ဒေသကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်အာဏာသိမ်းမှုလက်အောက်မှ လွတ်မြောက်ရန် တော်လှန်နေသည့် အင်အားစုများက အာဏာသိမ်းအဖွဲ့အား တိုက်ခိုက်မှုပြုလုပ်ရာတွင် အများပြည်သူဘေးကင်းစေရေးအတွက် မေတ္တာရပ်ခံစာများ၊ သတိပေးစာထုတ်ပြန်၍ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။


Tachileik News Agency

ရေဦး - တန့်ဆည် - ကလေးဝလမ်းပိုင်းတွင် မော်တော်ယာဉ်များ အတွင်းပိုင်း မြင်သာမှုရှိစေရန် လုပ်ထားရန် မေတ္တာရပ်ခံထား ရေဦး - တန့်ဆည် - ကလေးဝလမ်းပိုင်းတွင် မော်တော်ယာဉ်များ အတွင်းပိုင်း မြင်သာမှုရှိစေရန် လုပ်ထားရန် မေတ္တာရပ်ခံထား Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.