စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၊
အလားတူ ရွှေဘို-မြစ်ကြီးနားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွား



ဒီဇင်ဘာ ၉

ဒီဇင်ဘာလ ၈ရက် ယမန်နေ့ည ၁၀ နာရီ ၁၅မိနစ်ခန့်က စစ်ကိုင်းဘက်က ထောက်ပို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကားတစ်စီးကို ရွာသာကြီး-ဆားတောင်မြို့ကြားတွင် မြင်းဖြူရှင် ပြောက်ကြား အဖွဲ့မှ မိုင်း၄လုံး ရှော့ဒုံး ၂လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရှိရသည်။  

အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးစာရင်းကို ဇေယျာတိုင်း အနေနဲ့ အတိအကျသိရဖို့ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့ကို ဆက်သွယ်ထားပြီး မည်မျှသေဆုံးကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
"အဖွဲ့သားများ အားလုံး အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော အဖွဲ့အစည်းများအား ကျေးဇူးအထူးတင်ပါသည်"ဟူ၍ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ရွှေဘို-မြစ်ကြီးနားလမ်းတွင် ဒီဇင်ဘာ ၉ ရက် ယနေ့မနက်ပိုင်း ၅နာရီ ၄၅မိနစ် အချိန်ခန့်က ပေါက်ကွဲသံတစ်ခုကြားရကြောင်း ဒေသခံများရဲ့ ပြောကြားချက်ရသိရသည်။ 

အဆိုပါပေါက်ကွဲသည့်နေရာမှာ စကစရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ နီးကြောင်းသိရသည်။

"ပေါက်ကွဲသံက တော်တော်ကျယ်တယ်ဗျ မနက် ၅နာရီ၄၅ မိနစ် လောက်ကကွဲတာ အိမ်တွေပါတုန်တယ်။လေ့ကျင့်ရေး (၈) နားလောက်ကထင်တယ်"လို့ ဒေသခံတစ်ဦးက ဇေယျာတိုင်း ကိုပြောပါတယ်။ ဇေယျာတိုင်းအနေနဲ့ အသေးစိပ်သိရဖို့ ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

ရွှေဘိုမြို့တွင် မကြာခနဆိုသလို ပေါက်ကွဲမှုများဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းကလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ
စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက် စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 07:11 Rating: 5

No comments:

Powered by Blogger.