ကန့်ဘလူမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကျောရေးမှာ သေဆုံး

RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊အ.လ.က(ဘော)တွင် အလယ်တန်းပြဝာာဝန်ထမ်းဆောင်နေသော CDM ကျောင်းဆရာ ဆရာဦးလှိုင်ဝင်း စစ်ကျောရေးမှာ ညှင်းပန်းနှိပ်စက်ခံရပြီး ဒီဇင်ဘာလ ၇ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ 

ဆရာဦးလှိုင်ဝင်းကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားပြီး၊ကန့်ဘလူမြို့၊ (၆၀၀၆) တပ်ရင်းတွင် လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးသွားကြောင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်ပြည်သူ့ ဝန်ထမ်းပီသစွာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ( CDM) ပြုလုပ်နေသော ဆရာဦးလှိုင်ဝင်း ကွယ်လွန်သွားခဲ့ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

ကန့်ဘလူမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကျောရေးမှာ သေဆုံး ကန့်ဘလူမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကျောရေးမှာ သေဆုံး Reviewed by THITHTOOLWIN on 07:05 Rating: 5

No comments:

Powered by Blogger.