ကုလမှာမြန်မာကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းပဲ ဆက်ရှိနေမယ်



ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသံအမတ်ဘယ်သူဆိုတာကိုအတည်ပြုမယ့်ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကြောင့် လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

ကုလမှာ နိုင်ငံကိုယ်စားပြုသူတွေကို ဆုံးဖြတ်တဲ့အရည်အချင်းစစ်ကော်မတီကနေ စစ်ကောင်စီဘက်က အဆိုပြုလာသူနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ထဲက ဘယ်သူ့ကို အတည်ပြုမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့ အဆိုပြုခဲ့အပြီးမှာ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။

အရည်အချင်းစစ်ကော်မတီရဲ့အဆိုပြုချက်ကို အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်တာမလုပ်ဘဲ တညီတညွတ်တည်းသဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကတော့ ''အရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ကိုယ်စားလှယ်တွေကိစ္စနဲ့ပတ်သက်လို့ ဘယ်ကိုယ်စားလှယ်ကို အတည်ပြုတယ်ဆိုတဲ့ကိစ္စကို ၇၆ ကြိမ်မြောက် အထွေထွေညီလာခံအထိ ရွှေ့ဆိုင်းလိုက်တယ်'' လို့ ပြောပါတယ်။

အခုလိုမြန်မာနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ကုလနေရာကိုယ်စားပြုခွင့်ကို ရွှေ့ဆိုင်းတဲ့ အခုဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီရော တာလီဘန်ပါ နယ်မြေထိန်းချုပ်မှု ရှိပေမယ့် ကုလမှာ နိုင်ငံကိုကိုယ်စားပြုခွင့်မရ ဖြစ်သွားပါတယ်။

BBC Burmese
ကုလမှာမြန်မာကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းပဲ ဆက်ရှိနေမယ် ကုလမှာမြန်မာကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းပဲ ဆက်ရှိနေမယ် Reviewed by THITHTOOLWIN on 17:23 Rating: 5

No comments:

Powered by Blogger.