သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ၅နှစ်အရွယ်ကလေးငယ်နာရေး ဒီကနေ့ပြုလုပ်မယ်


မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် အနီးမှာ မနေ့ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အသက် ၅နှစ်ဝန်းကျင်ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

“ မနေ့ညကအောင်သာယာရပ်ကွက်ရုံးနဲ့မျက်စောင်းထိုးမှာရှိတဲ့လင်းလက်ကွမ်းယာဆိုင်နားမှာ ကလေးကဆော့နေတယ်။ရပ်ကွက်ရုံးကိုအဲ့ဒီအချိန်မှာ ဗုံးလာပစ်တော့ စစ်ကောင်စီတပ်တွေကထွက်ပစ်တာ အဲ့ဒီအချိန်မှာ ကလေးခေါင်းကိုမှန်သွားတယ်။ညကတော့ဆေးရုံခေါ်သွားတယ်။ ဒီမနက်တော့ကလေးနာရေးလုပ်မယ်လို့သိရပါတယ်။ မိသားစုကလွဲပြီးနာရေးကိုဘယ်သူမှလိုက်မပို့ရဘူးလို့ပြောထားတယ်။ အိမ်အနားမှာပဲ စစ်ကောင်စီတပ်တွေကင်းချထားတော့ ဘယ်သူမှလည်းမိသားစုနဲ့မဆက်သွယ်ရဲဘူးလို့”နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

\မနေ့ညပိုင်းက အောင်သာယာရပ်ကွက်အတွင်းပစ်ခတ်မူဖြစ်နေချိန်မှာလည်း စစ်ကောင်စီတပ်သားတွေက ဒီမိုကရေစီလိုချင်ရင်စစ်အုပ်ချုပ်မှုအောက်မှာအေးအေးဆေးဆေးနေဆိုတဲ့အော်ဟစ်ပြောဆိုချက်တွေလည်းရှိတယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီကနေ့နေ့လယ်ပိုင်းထုတ်ပြန်လာချက်အရကလေးငယ်ဟာတဖက်အဖွဲ့အစည်းရဲ့ လက်ပစ်ဗုံးထိမှန်မှုကြောင့် သေဆုံးတယ်လို့ပြောဆိုလာပါတယ်။

BBC Burmese
သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ၅နှစ်အရွယ်ကလေးငယ်နာရေး ဒီကနေ့ပြုလုပ်မယ် သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ၅နှစ်အရွယ်ကလေးငယ်နာရေး ဒီကနေ့ပြုလုပ်မယ် Reviewed by THITHTOOLWIN on 17:27 Rating: 5

No comments:

Powered by Blogger.