မြင်းခြံ နဘူးအိုင်ရွာကျောင်းဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီး


ဒီဇင်ဘာ - ၃ 

မန္တလေးတိုင်း မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ 

နဘူးအိုင်ရွာ ဗုပ္ဗာရုံကျောင်းမှ ဆရာတော် ဦးဇင်းကျော်ကို အိပ်စက်ကျိန်းနေချိန် စစ်ကောင်စီက အင်အားများစွာဖြင့် လာရောက်ကာ နိုး၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြသည်။ 

ဆရာတော်ကို ဖမ်းဆီးရသည့်အကြောင်းရင်း မသိရသေးသကဲ့သို့ မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်းလည်း မသိရသေးပေ။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တစ်နိုင်ငံလုံးမှ သံဃာတော် အပါး (၂၀)ထက်မနည်းကို ဖမ်းဆီးခဲ့ကာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရဟန်းတော်များဆိုလျှင် လမ်းမထက်၌ပင် ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ 

နဘူးအိုင်ရွာရှိ NLD ပါတီ ဆိုင်းဘုတ်ထောင်ထားသည့် နေအိမ်တစ်ခုမှ လူနှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


Mandalay Free Press - MFP

မြင်းခြံ နဘူးအိုင်ရွာကျောင်းဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီး မြင်းခြံ နဘူးအိုင်ရွာကျောင်းဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီး Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.