ထန်တလန်မြို့တွင် ပစ္စည်းသွားယူတဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ ဒဏ်ရာပြင်းထန်


ယနေ့ ဒီဇင်ဘာ ၃ရက် မွန်လွဲပိုင်းက ထန်တလန်မြို့တွင် ပစ္စည်းယူဖို့ ခေတ္တပြန်သွားတဲ့ ၂၃နှစ်အရွယ် မရာချယ်(လ်) အား စကစတပ်သားများမှ သေနက်နဲ့ ပစ်ခတ်လို့ ၀◌မ်းဗိုက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။

"ထန်တလန်မှာ ကျန်ခဲ့တဲ့ ပစ္စည်းအရေးတကြီးယူစရာရှိတယ်ဆိုပြီးတော့ ဒီမနက်ပိုင်းမှာ မရာချယ်(လ်)နဲ့ အမျိုးသား ၂ဦးသွားကြတယ်။ အဲဒီမှာ စစ်သားတွေက သူတို့ကို ပစ်ခတ်ကြတာ၊ မရာချယ်(လ်) ၀◌မ်းဗိုက်မှာ ကျည်ထိတယ်လို့ကြားတယ်။ ဒဏ်ရာပြင်းထန်တယ်။ အခုရွာကို ပြန်လာကြတယ်၊ ရောက်တော့မရောက်သေးဘူး။ ကျနော်တို့လည်း သူတို့ကို ဆောင့်နေပါတယ်" လို့ ရွာသားတစ်ဦးက The Chin Journal သို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ရက်နေ့ကလည်း ပစ္စည်းယူဖို့ ထန်တလန်ကို ပြန်သွားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာတစ်ဦးအား စကစတပ်သားများမှ ပစ်ခတ်လို့ ပုခုံးတွင် ဒဏ်ရာရရှိပြီး ၎င်းရဲ့ဆိုင်ကယ်ကို ထားခဲ့ကာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။


Chin News Journal - CNJ

ထန်တလန်မြို့တွင် ပစ္စည်းသွားယူတဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ ဒဏ်ရာပြင်းထန် ထန်တလန်မြို့တွင် ပစ္စည်းသွားယူတဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.