စစ်ကိုင်းမှ မုံရွာသို့သွားသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် (၅)ယောက်ထက်မနည်း သေဆုံးဟုဆို


ဒီဇင်ဘာ - ၃ 

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ သွားသည့် (၂၂)စီးပါ စစ်ကောင်စီယာဉ်တန်းကို မြင်းမူမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီး ပျက်စီးပြီး စကစ အဖွဲ့ဝင် (၅)ဦး သေဆုံးကြောင်း မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က အတည်ပြု ပြောဆိုသည်။ 

" ရှေ့ဆုံးနှစ်စီးကို မိုင်းရှစ်လုံးနဲ့ ဆွဲလိုက်တာ (၅) ယောက်ထက်မနည်းတော့ သေတယ်ဗျ " ဟု ယင်းအဖွဲ့ဝင်တစ်ဦးက MFP သို့ ပြောသည်။ 

မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာနှင့်  အလ္လကပ္ပ  ကျေးရွာအကြား၌ ယနေ့နေ့လယ် (၁၂)နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားနှစ်စီး ပျက်စီးခဲ့ကြောင်း Black Eagle Defence Force-MMU က ထုတ်ပြန်ထားသည်။ 

" ဘယ်တပ်ကလဲဆိုတာကတော့  မသိရဘူးဗျ။ သွားတာကတော့ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကိုဗျ။ ကား နှစ်စီးက တော်တော်ထိသွားတာပါ " ဟု မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့က ထပ်မံပြောဆိုသည်။ 

အဆိုပါစစ်ဆင်ရေးအား Black Eagle Defence Force-MMU အဖွဲ့ဦးဆောင်ပြီး Myin Mu Defence Force-MMDF.    ၊   မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ ၊ People's Defence Force Myinmu-MMPDF ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM  စသည့်  ညီနောင်မဟာမိတ်(၅)ဖွဲ့မှ  မဟာမိတ်စစ်ဆင်ရေး အဖြစ် ပူးပေါင်းလုပ်ဆောင်ကြောင်း ဖော်ပြထားသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၄) ရက်နေ့ကလည်း မြင်းမူမြို့နယ် ဘိုမင်းကြီးကင်းနှင့် ဂွေးတောက်ပင်ကြား၊ ဝမ်းပြည့်ကျေးရွာနှင့်  အလ္လက္ကပ္ပ  ကျေးရွာအကြား နှစ်နေရာအား Black Eagle Defence Force-MMU အဖွဲ့ဦးဆောင်ပြီး မဟာမိတ် (၅) ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၃၀) ကျော်သေပြီး (၃၀) ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 


Mandalay Free Press - MFP

စစ်ကိုင်းမှ မုံရွာသို့သွားသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် (၅)ယောက်ထက်မနည်း သေဆုံးဟုဆို စစ်ကိုင်းမှ မုံရွာသို့သွားသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် (၅)ယောက်ထက်မနည်း သေဆုံးဟုဆို Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.