ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရ

၅ ဒီဇင်ဘာ ၂၀၂၁

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ပန်းပင်ကြီးလမ်း မှာ ဒီဇင်ဘာ ၅ ရက်​နေ့ယနေ့ နံနက် ၈ နာရီခွဲ အချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ ဝင်တိုက်၊ သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးသဖြင့် ဆန္ဒပြ ပြည်သူတချို့  ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ သတင်းထောက်တစ်ဦး ဒဏ်ရာရရှိထားကြောင်း ဆန္ဒပြ သပိတ်အဖွဲ့တွေထံက သိရပါတယ်။ 

လတ်တလော သိရတဲ့ အချက်အလက်တွေအရ ဆန္ဒပြသူ ၁၀ ဦးထက်မနည်း အဖမ်းခံရပြီး ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသူရှိနိုင်ကြောင်း သိရပါတယ်။ 

လက်ရှိတွင် သပိတ်စစ်ကြောင်းအနီးဝန်းကျင်ရပ်ကွက်ကို ပိတ်ထားပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။

Public Voice Television 

ဓါတ်ပုံ - ယမန်နေ့က သပိတ်စစ်ကြောင်းပုံ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လူထု ပျောက်ကြား သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခံရ Reviewed by THITHTOOLWIN on 09:36 Rating: 5

No comments:

Powered by Blogger.