အရာတော်မှာ သေနတ်သံတွေကြားရပြီး အိမ်အချို့ မီးလောင်

အရာတော်မြို့ မြောက်ဘက်၊ နောင်ကြီးအိုင်ရွာက တက်ကြွလှုပ်ရှားသူ ဦးဌေးလွင်ရဲ့ နေအိမ်ကို ဒီဇင်ဘာ ၁ ရက် ညနေ(၅)နာရီလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် သေနတ်သံတွေကြားခဲ့ရကာ အိမ်မီးလောင်တာ တွေ့ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီနောက် မီးတောက်တွေကို တွေ့ခဲ့ရသလို သေနတ်သံတွေကို ရွာထဲက ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ‌ကနေ့ ညနေ(၆)နာရီ ထိုးခါနီးအထိ သေနတ်သံတွေကြားနေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရာတော်မြို့နယ်တွင်း အဓိက လမ်းမတစ်ခုဖြစ်တဲ့ နောင်ကြီးအိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ မကြာခဏ မိုင်းဆွဲခံရတာကြောင့် နောင်ကြီးအိုင်ကျေးရွာအနီးတဝိုက်ကို စစ်တပ်က ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

မနေ့ကလည်း စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံခဲ့ရပြီး ဒဏ်ရာရရှိသွားခဲ့သလို ဒီကနေ့ နေ့လယ် ၁ နာရီလောက် ကလည်း စစ်ကောင်စီတပ်ရဲ့ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese

အရာတော်မှာ သေနတ်သံတွေကြားရပြီး အိမ်အချို့ မီးလောင် အရာတော်မှာ သေနတ်သံတွေကြားရပြီး အိမ်အချို့ မီးလောင် Reviewed by THITHTOOLWIN on 06:13 Rating: 5

No comments:

Powered by Blogger.