စစ်ကောင်စီတပ်နဲ့ မူဆယ် PSDA တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်



နိုဝင်ဘာ ၂၃ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့နယ် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ရဲ့ စခန်းတည်နေရာကို သတင်းရပြီး စစ်ကောင်စီနဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေခဲ့ပြီးနောက် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လက်နက်အင်အား မမျှတာကြောင့် တပ်ဖွဲ့ဝင်အားလုံး စခန်းကနေ ဆုတ်ခွာခဲ့ရပြီး PSDA ဘက်က အကျအဆုံးမရှိ၊ လက်နက်ခဲယမ်း ဆုံးရှုံးမှုမရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း PSDA က ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။

PSDA ရဲ့ စခန်းတည်နေရာကို နိုဝင်ဘာ ၂၂ ရက် မနက် ၃ နာရီမှာ သတင်းရခဲ့ပြီး ၅ နာရီခွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းကနေ PSDA တွေ ဆုတ်ခွာနေစဥ် အပြစ်မဲ့ ရွာသားတစ်ဦး စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီး နေရာမှာတင် ပစ်သတ်ခံရပြီး မြေမြှုပ် အလောင်းဖျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။



Shwe Phee Myay News Agency 

စစ်ကောင်စီတပ်နဲ့ မူဆယ် PSDA တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ် စစ်ကောင်စီတပ်နဲ့ မူဆယ် PSDA တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ် Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.