စစ်ကောင်စီနဲ့ KNLA တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ


နိုဝင်ဘာ ၂၃ ရက်၊ သထုံ

မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးနယ်အုပ်စု ထုံးဘိုလေးကျေးရွာအနီးမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့နဲ့ ကရင်တပ်မတော် (KNU/KNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီနဲ့ KNLA ရဲ့ တပ်ရင်း(၂)တို့ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူအပြင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဘက်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ထုံးဘိုလေးလမ်းခွဲကနေ စောအဲဖိုးရွာဖက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဥ် KNLA တပ်ရင်း(၂)နဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေဟာ သထုံမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦးနဲ့ လူနေထိုင်ရာနေရာတွေမှာသာ စခန်းချ တပ်စွဲလေ့ရှိတယ်လို့ ဆိုပါတယ်။


Shwe Phee Myay News Agency 

စစ်ကောင်စီနဲ့ KNLA တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ စစ်ကောင်စီနဲ့ KNLA တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.