ပေါက် PDF ခေါင်းဆောင်အမျိုးသမီးတဦးနေအိမ်အား ရဲအင်အားအများအပြားဖြင့် လာရောက်ချိတ်ပိတ်


ပေါက်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁။

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pauk PDF) ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်နေအိမ်ကို နိုဝင်ဘာလ ၁၅ ရက်မနက်ပိုင်းက ရဲအင်အား ၁၈ ဦးဖြင့် လာရောက်ချိတ်ပိတ်သွား‌ကြောင်း ပေါက် PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

“၁၀ နာရီဝန်းကျင်လောက်က အောင်တံခွန်ရပ်ကွက်က ဒေါ်လွင်လွင်မြင့် နေအိမ်ကိုလာပြီး ချိတ်ပိတ်သွားတာဖြစ်ပါတယ်။ ရဲအင်အား ၁၈ ယောက်နဲ့လာကြတာပါ။ ပတ်ဝန်းကျင်ကလူတွေလဲ အကြည့်မခံဘူး၊ အကပ်မခံဘူးပြောပါတယ်။ ခေါင်းဆောင်ကတော့ သူကော၊ သူ့မိသားစုဝင်တွေအားလုံး နိုင်ငံရေးခံယူချက်ရှိတဲ့သူတွေပါ။” ဟု  ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ယင်းမတိုင်ခင်ကလည်း ဒေါ်လွင်လွင်မြင့်ရဲ့သားအား စစ်ကောင်စီအဖွဲ့က ဖမ်းခေါ်သွားပြီး‌ စစ်ကြောရေးတွင် တလခန့်စစ်ဆေးခဲ့ကာ ပြန်လွှတ်လိုက်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

“ခုစစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ဒေါ်လွင်လွင်မြင့်က ပေါက် PDF ကိုဖွဲ့ပြီး ခေါင်းဆောင်တဦးအနေနဲ့ အာဏာရှင်ကိုတိုက်ပွဲဝင်နေတာပါ။ ခေါင်းဆောင်အနေကတော့ အစကတည်းက အကုန်လုံးကိုစွန့်လွှတ်ပြီးသားပါ။ သူ့အိမ်ကိုချိတ်ပိတ်သွားပေမဲ့ သူ့ရဲ့ခံယူချက်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောသည်။

ဒေါ်လွင်လွင်မြင့်၏ဖခင်မှာ ၈၈ တုန်းကတော်လှန်ရေးကာလမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်ပြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဒေါ်လွင်လွင့်မြင့်၏ မောင်ဆရာတော်ဦးဂမ္မီရမှာ တော်လှန်ရေးမှာပါဝင်ခဲ့သူဖြစ်ကာ ဒေါ်လွင်လွင်မြင့်မှာ လည်းနိုင်ငံရေးခံယူချက်ရှိသူ အာဏာရှင်စနစ်ကို တွန်းလှန်လာသူ တယောက်ဖြစ်လာ‌ကြောင်း ဆိုသည်။


မြေလတ်အသံ - Myaelatt Athan 


ပေါက် PDF ခေါင်းဆောင်အမျိုးသမီးတဦးနေအိမ်အား ရဲအင်အားအများအပြားဖြင့် လာရောက်ချိတ်ပိတ် ပေါက် PDF ခေါင်းဆောင်အမျိုးသမီးတဦးနေအိမ်အား ရဲအင်အားအများအပြားဖြင့် လာရောက်ချိတ်ပိတ် Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.