ရာထူးကနှုတ်ထွက်ထား‌ပြီး အလုပ်ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရေစကြို PDF သတိပေးဖောက်ခွဲ


ရေစကြို၊နိုဝင်ဘာ ၁၅၊ ၂၀၂၁။

ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဟာ ရာထူးကနှုတ်ထွက်ထားပေမယ့် လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်မှာ ဆက်လက်လုပ်ဆောင်နေတာကြောင့် နိုဝင်ဘာ ၁၄ ရက် မနေ့ည ၉ နာရီလောက်မှာ သူ့ရဲ့နေအိမ်ကို ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့ ရေစကြို PDF ဆီက သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ဖြစ်ပြီး၊ ရာထူးကနှုတ်ထွက်ထားပေမယ့် စစ်ကောင်စီအလိုကျလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သတင်းပေးတိုင်းကြားမှုတွေရှိတာကြောင့် ခုလိုသတိပေးခဲ့တာဖြစ်တယ်လို့ PDF နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရေစကြို PDF အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ သစ်တောကြီးတောကျေးရွာအုပ်စုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုကျော်ဝင်းရဲ့ နေအိမ်ကိုအခုလိုပဲ ဗုံးဖောက်ခွဲသတိပေးခဲ့ပါသေးတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရာထူးကနှုတ်ထွက်ထားတယ်ဆိုကာ စစ်ကောင်စီလုပ်အောက်မှာ ဆက်ပြီးလုပ်ကိုင်နေတာတွေကို ခိုင်မှာစွာစစ်ဆေးတွေ့ရှိခဲ့ရင် ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တယ်လို့လည်း ရေစကြို PDF ကသတင်းထုတ်ပြန်ထားပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ရာထူးကနှုတ်ထွက်ထား‌ပြီး အလုပ်ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရေစကြို PDF သတိပေးဖောက်ခွဲ ရာထူးကနှုတ်ထွက်ထား‌ပြီး အလုပ်ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရေစကြို PDF သတိပေးဖောက်ခွဲ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.