စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို PDF ၄ ဖွဲ့ တိုက်ခိုက်၊ အရာရှိတဦးနဲ့ စစ်သား ၁၀ ဦးသေဆုံး


မြင်းခြံ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၁။

မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာ၊ စာသင်ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့အား နိုဝင်ဘာလ ၂၂ ရက်ည ၁၁ နာရီဝန်းကျင်ခန့်က PDF ၄ ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အရာရှိတဦးနှင့် စစ်သားရဲသား ၁၀ ဦးသေဆုံးကြောင်း 27 Revolutin forces (မြင်းခြံ)မှတာဝန်ရှိသူတဦးက ပြောသည်။

"RPG7 နဲ့ တချက် ပစ်ခဲ့ပါတယ်။ မောင်းပြန်သေနတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ ကျနော်တို့က အဲဒီထဲမှာနေတဲ့ စစ်ခွေးအင်အား အတိအကျတော့မသိဘူးခင်ဗျာ၊ မနေ့ညတုန်းက စစ်ခွေး ၈ ကောင်သေပြီးတော့ ၂ ကောင်ဒဏ်ရာရပြီးတော့ ဒီနေ့မနက် ဒဏ်ရာရတဲ့ ၂ ကောင်ပါ ထပ်သေတယ်လို့ သိရပါတယ်ခင်ဗျာ" ဟု 27 Revolutin forces (မြင်းခြံ)မှတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောသည်။

27 Revolutin forces (မြင်းခြံ) အဖွဲ့အနေနှင့် မြောင်မြို့နယ်အပါအဝင် တိုက်ပွဲစုစုပေါင်း ၄ ကြိမ်နီးပါး တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီး စစ်အုပ်စုဘက်က တပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

" ကျနော်တို့လည်း ကျိုးစားနေပါတယ်။ ပြည်သူကလှူတဲ့ပိုက်ဆံတို့ဆေးဝါးရိက္ခာတို့ အဓိကတော့ငွေပေါ့ လူဆိုတာငွေနဲ့တွေ့လိုရှိရင် ပျက်ဆီးတတ်တာ၊ ကျနော်တို့က ပြည်သူလူထုကလှူတဲ့ ငွေကြေးတွေကို ဒီတော်လှန်ရေးအတွက်အသုံးချပြီး စစ်ခွေးတွေကို အမြစ်ပြတ်အောင် မြန်မြန်တိုက်ထုတ်ပါ့မယ်လို့ ပြည်သူလူထုကိုဂတိပေးပါတယ်" ဟု 27 Revolutin forces (မြင်းခြံ)မှတာဝန်ရှိသူတဦးမှ ပြောသည်။

ယမန်နေ့ညက တိုက်ပွဲကို 27Revolution forces၊ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ Nathogyi Regional PDF နှင့် နွားထိုးကြီး PDF မဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

မြေလတ်အသံ - Myaelatt Athan

စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို PDF ၄ ဖွဲ့ တိုက်ခိုက်၊ အရာရှိတဦးနဲ့ စစ်သား ၁၀ ဦးသေဆုံး စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို PDF ၄ ဖွဲ့ တိုက်ခိုက်၊ အရာရှိတဦးနဲ့ စစ်သား ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:16 Rating: 5

No comments:

Powered by Blogger.