ဗျူဟာမှုး ဦးဆောင်သည့် စခ များအား လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်


CIVIL GUERRILLA FORCE (HTY) လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့

ရက်စွဲ။ ။ နိုဝင်ဘာ ၂၃ ရက် ၂၀၂၁ ခုနှစ်။

" မဟူရာ စစ်ဆင်ရေး ဆက်လက်တိုက်ခိုက်ခြင်း "

၁။ယနေ့ နေ့လည် 1 နာရီ မိနစ် 45 အချိန်တွင် ပုသိမ်လမ်းမကြီး ဘေးရှိ ဝါဝါဝင်းစီမံခန့်ခွဲရေး ရုံးတွင် တပ်စွဲထားသော  တိုင်း စကစ ဗျူဟာမှုး ဦးဆောင် သည့်  စခ များအား M79 Grenade launcher ဖြင့် 40 mm  ဗုံးသီး  1 လုံး ပစ်ခတ် ခဲ့ပြီး မိမိတို့ CGF ရဲဘော်များ ထိခိုက်မှု့ မရှိပဲ အောင်မြင်စွာ  ဆုတ်ခွါ လာခဲ့ပြီ ဖြစ်ပါသည်။

 ၎င်း ပစ်မှတ်အား အောက်တိုဘာ ၂၂ ရက်နေ့တွင် တကြိမ် အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်သော်လည်း အမှိုက်ကောက်သမား ကြောင့် ပျက်ပြယ်ခဲ့ဖူးသည့် ပစ်မှတ်ဖြစ်ပါသည်။

၂။မိမိတို့သည် ပြည်သူတယောက်ချင်းစီတိုင်းရဲ့ အသက်အိုးအိမ်ကိုအမြဲ ဦးထိပ်ပန်ဆင်ပြီး တန်ဖိုးအလေးထားခဲ့ပါသည်။ စကစ နှင့် ၎င်း တို့၏ ပါတ်သက်ဆက်နွယ်သူများကိုသာ စစ်ရေးအရ တိုက်ခိုက်ပြီး ပြည်သူအား လုံးဝ ထိခိုက်မှု့ မရှိအောင် အမြဲလုပ်ဆောင်ခဲ့သည်။ သို့သော် ပစ်ခတ်အပြီး  CGF ရဲဘော်များ ဆုတ်ခွါ လမ်းကြောင်းအား ဝင်ရောက်တားဆီး အနှောက်ယှက်ပေးခဲ့သော ၎င်း ပစ်မှတ် နေရာရှိ ကျုးများ၏ လုပ်ရပ်အား  CGF HTY မှ အင်မတန် စိတ်မကောင်းဖြစ်ရပြီး နောက်တကြိမ် ထိုသို့ နှောက်ယှက်မှု့များ ထပ်မံ ပေါ်ပေါက်ပါက မိမိတို့ CGF ရဲဘော်များမှ သနားကြင်နာမည် မဟုတ်ပါကြောင်း အသိပေးထုတ်ပြန်ပါသည်။

လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့

ဗျူဟာမှုး ဦးဆောင်သည့် စခ များအား လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်   ဗျူဟာမှုး ဦးဆောင်သည့်  စခ များအား လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 17:29 Rating: 5

No comments:

Powered by Blogger.