အကြမ်းဖက်စစ်ကောင်စီ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရ


(၂၂.၁၁.၂၀၂၁) ( ကြေညာချက်အမှတ် ၆ / ၂၁) 

၁။ ယနေ့ည ၉ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်အတွင်း စစ်ခွေးများအခိုင်အမာတပ်စွဲထားသော နေရာများဖြစ်သည့် စနေမ(၅) ထိပ်ရှိ တပ်မတော်အထည်ချုပ်စက်ရုံ ၊ ရွှေလင်ဗန်းကျောင်းရှေ့မှတ်တိုင်အနီး နှင့် မြစိမ်းရောင်အိမ်ရာအနီး တို့တွင် အဝေးထိန်းဗုံး၆ လုံးဖြင့် မိမိတို့ HRDF အဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။

၂။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ခွေးများဘက်မှာ ရမ်းသန်းစွာ ပြန်လည်ပစ်ခက်ခဲ့သော်လည်း မိမိတို့ ( HRDF)  အဖွဲ့သားများအနေဖြင့် ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

 ၃။ ယခုတိုက်ခိုက်မှုသည် မကြာသေးမှီက ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များအား စစ်ခွေးများမှ မတရားဖမ်းဆီးသတ်ဖြတ်ခဲ့မှုအပေါ် တုန့်ပြန်မှုအစသာရှိပါသေးသည် မိမိတို့တော်လှန်ရေး မြို့ပြပျောက်ကျားများအနေဖြင့် ဘယ်သောအခါမှ သွေးအေးသွားမည်မဟုတ်ပဲ နောင်တွင်လည်း မိမိတို့ HRDF အဖွဲ့အနေဖြင့် ဒေသခံ မိတ်ဖက်တော်လှန်ရေး အင်အားစုများဖြင့်ပူးပေါင်း၍ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများဖြင့် ဖက်ဆစ် စစ်ခွေးများအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းပြည်သူများအား အသိပေးထုတ်ပြန်အပ်ပါသည်။ 

H. T. Y Region Defense Force -HRDF

အကြမ်းဖက်စစ်ကောင်စီ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရ  အကြမ်းဖက်စစ်ကောင်စီ အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 08:09 Rating: 5

No comments:

Powered by Blogger.