တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီး PDFကို​ထောက်ပံ့သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံရ


တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီးကို PDFအား ထောက်ပံ့သည်ဟု ရဲတပ်ဖွဲ့ကစွပ်စွဲကာ ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးမြင့်ဇော်၏သမီးကို ရဲတပ်ဖွဲ့က ယနေ့(နိုဝင်ဘာ ၂၃)ညနေတွင် ဖမ်းဆီးသွားခြင်းဖြစ် သည်။

"နာမည်လေးကိုက ဖမ်းချင်စရာများဖြစ်နေပြီလား ။

ဟန်နီစုကြည်ဇော်၊အားတင်းထားသမီးရေ"ဟု ဦးမြင့်ဇော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးထားသည်။

ဦးမြင့်ဇော်၏သမီးသည် အသက်(၂၀)ကျော်အရွယ်ဖြစ်ပြီး အမည်မှာမဟန်နီစုကြည်ဇော်ဖြစ်သည်။ PDF အား ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲကာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်အချို့ပါဝင်သော စစ်ကောင်စီအဖွဲ့က နေအိမ်သိို့ လာရောက်ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

ဦးမြင့်ဇော်ကိုယ်တိုင်မှာလည်း ဖမ်းဆီးခံရမည်စိုးသောကြောင့် တိမ်းရှောင်နေရသည်။


People's Spring

တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီး PDFကို​ထောက်ပံ့သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံရ တမူးမြို့တွင် ဒီချုပ်ပါတီဝင်တစ်ဦး၏သမီး PDFကို​ထောက်ပံ့သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.