မြင်းမူမြို့က Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဖြိုလှဲ



စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း ခွက်ခွင်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်အား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဖောက်ခွဲ ဖြိုလှဲခဲ့ကြကြောင်း သတင်းထုတ်ပြန်လာသည်။

 ဒေသကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် GTR MMU , MMU PDF နှင့် ဗိုလ်သံခဲအဖွဲ့ တို့ ညီနောင်များပူးပေါင်းကာ ဖောက်ခွဲဖြိုလှဲခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ(၂၃)ရက်နေ့တွင် အသိပေးထုတ်ပြန်လာခြင်း ဖြစ်သည်။

 ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟုလည်း အသိပေးထားသည်။



Tachileik News Agency 

မြင်းမူမြို့က Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဖြိုလှဲ မြင်းမူမြို့က Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဖြိုလှဲ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.