တမူးမှာ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာရှိတဲ့ ချောင်းနက်ကြီးရဲကင်းကို ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ဆိုပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF)ဘက်က သတင်းထုတ်ပြန်လာပါတယ်။

ချောင်းနက်ကြီးရဲကင်းကို ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ အလစ်ဝင်တိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို တမူး PDF အောက်က ကျောင်းသားတပ်ခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်ကောင်စီတပ်သား ၂ ဦးရဲ့ နက်လက် ၂ လက်နဲ့ကျည်တစ်ချို့ကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီရဲကင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်နေပါတယ်။

ဒေသခံတွေရဲ့အပြောအရဆိုရင် စစ်ကောင်စီတပ်တွေက အဲဒီရဲကင်းစခန်းမှာ ညပိုင်းစောင့်ကြပ်မှုမရှိဘဲ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိသာ စောင့်ကြပ်မှုတွေ လုပ်နေချိန် ဒီနေ့ မနက်ခင်းပိုင်း တိုက်ခိုက်မှုပေါ်လာတာလို့သိရပါတယ်။

တမူးမြို့မှာ ဒီနေ့မနက်ခင်း ရဲကင်းစခန်းကို တိုက်ခိုက်မှုလုပ်ခဲ့တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တမူးမြို့ လဝကရုံးအနီးနားက ရဲကင်းကို မီးရှို့မှုလုပ်ခဲ့တယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ဖူးပါတယ်။

BBC Burmese

တမူးမှာ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော တမူးမှာ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.