စစ်တပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေ ဒေါ်လာသန်းရာကျော် ရှယ်ယာပါဝင်နေ

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာအပါအဝင် အခြားတိုက်ရိုက်ပတ်သက်နေတဲ့စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေဖြစ်တဲ့ အနာဂတ်ရန်ပုံငွေ (Future Fund)ထဲက ဒေါ်လာသန်း ၁၆၀ နီးပါး ရှယ်ယာပါဝင်နေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူအများအဖွဲ့ Justice for Myanmar က ပြောပါတယ်။

ရှယ်ယာပါဝင်ထားတဲ့ကုမ္ပဏီတွေထဲက ၆ ခုဟာ မြန်မာစစ်တပ်နဲ့စစ်လက်နက်ကုန်သွယ်ရေးမှာ ဆက်နွယ်နေသလို အခြားကုမ္ပဏီတွေကတော့ အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အဖျော်ယမကာလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုပတ်သက်နေတာကြောင့် ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုပြုလုပ်ထားတဲ့စစ်တပ်အတွက် ငွေကြေးထောက်ပံ့ရာ ထောက်ပံ့ကြောင်းဖြစ်တဲ့ အခွန်ဝင်ငွေနဲ့ လက်နက်ပစ္စည်းတွေလို ရင်းမြစ်တွေရရှိနေစေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာစစ်တပ်အပါအဝင် စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ စစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ စစ်တပ်ဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ ထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံတာတွေကို ပြန်ရုတ်သိမ်းဖို့ JFM အဖွဲ့က တောင်းဆိုနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးမိတ်ဖက်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေးအတွက် အားပေးထောက်ခံဖို့ သြစတေးလျအစိုးရကို JFM အဖွဲ့ကတောင်းဆိုထားပါတယ်။

BBC Burmese

စစ်တပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေ ဒေါ်လာသန်းရာကျော် ရှယ်ယာပါဝင်နေ စစ်တပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေ ဒေါ်လာသန်းရာကျော် ရှယ်ယာပါဝင်နေ Reviewed by THITHTOOLWIN on 17:32 Rating: 5

No comments:

Powered by Blogger.