ဂမုန်းပွင့်တွင်ဆန္ဒပြပြီး​နောက် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးနေ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းအနီး စံရိပ်ငြိမ် ဂမုန်းပွင့်ကုန်တိုက်တွင် လူငယ်များဆန္ဒပြပွဲ ပြုလုပ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နေ့လည် ၁ နာရီခန့်က ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

" ဂမုန်းပွင့်မှာ ဆန္ဒပြပွဲ လုပ်သွားလို့ဆိုပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဂမုန်းပွင့်က ပြန်ထွက်တဲ့ သူတိုင်းကို အိတ်တွေ၊ ဖုန်းတွေ စစ်နေကြတယ်။ အပြင်မှာလည်း ရဲကား သုံးစီးလောက် ရပ်ထားပြီး ပိတ်ထားပါတယ်။ ဆန္ဒပြတဲ့ ကလေးတွေ မမိဘူးလို့တော့ သိရပါတယ် "ဟု ဂမုန်းပွင့်ကုန်တိုက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ယင်းဆန္ဒပြမှုကို မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ကျောင်းသားရဲဘော်များက လူထုဒေါ်အမာ (၁၀၆)နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကမ္ဘာအေးဘုရားလမ်း မြန်မာပလာဇာတွင် ဆန္ဒပြသည့် လူငယ်များကို လုံခြုံရေးများက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။

People's Spring 



ဂမုန်းပွင့်တွင်ဆန္ဒပြပြီး​နောက် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးနေ ဂမုန်းပွင့်တွင်ဆန္ဒပြပြီး​နောက် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးနေ Reviewed by THITHTOOLWIN on 17:40 Rating: 5

No comments:

Powered by Blogger.