ရေနံဆီတင်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက် စစ်ကောင်စီတပ်မှ ၇ဦးခန့်သေဟု ထုတ်ပြန်


မကွေးတိုင်း မြိုင်မြို့နယ် လက်ပံတိုရေနံမြေမှ ရေနံများသယ်   ဆောင်လာ‌သော  ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးခန့် သေဆုံးခဲ့ကြောင်း ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) က ထုတ်ပြန်သည်။

ယ​နေ့(နိုဝင်ဘာ ၂၄ရက်) နံနက်ပိုင်းက   မြိုင်မြို့နယ် လက်ပံတိုရေနံမြေမှ ရေနံများသယ်   ဆောင်လာ‌သော စစ်ကောင်စီ ထောက်တိုင် ရေနံ‌ဆီ ဘောက်ဆာယာဉ်များနှင့် ၎င်းဘောက‌်ဆာများအားလုံခြုံရေး‌အဖြစ်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ မော်တော်ယာဉ်များအပါအဝင် ယာဉ် ၁၀စီးခန့်ကို   လက်ပံတို-အရာတော်လမ်းပေါ် တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ရေနံတင်ယာဉ်တန်းကို ရှော့တိုက်ဒုံးများ၊ အဝေးထိန်း မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စက်လက်တင်ဆောင် လာသော ကားအား တိုက်ရိုက်ထိမှန်၍ ကားမှာ လုံးဝပျက်စီးသွားပြီး ကားပေါ်ရှိ စစ်သားများ သေဆုံးထိခိုက်မှု များပြားကြောင်း၊ ဆီဘောက်ဆာယာဉ် ၁စီး၊ စက်ကလေးတင်ဆောင်လာသည့် စစ်ကောင်စီယာဉ် ၁စီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်  ၇ ဦးခန့်သေဆုံးခဲကြောင်း ပါရှိသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် များ အောင်မြင်စွာ ဆုတ်ခွာခဲ့ကာ ဘေးကင်းသောနေရာသို့ရောက်ရှိပြီး ဖြစ်ကြောင်း မြိုင် PDFက အသိပေးသည်။

"မြိုင်မှာခွဲတာ ပေါက်ထိကို တုန်သွားတယ်။ အသံကြီးက ဟိန်းထွက်လာတယ်။"ဟု မြိုင်နယ်နှင့်ထိဆက်နေသည့်ပေါက်နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို  ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PPDFနှ့င့် မြိုင် PDF အဖွဲ့ခွဲ မြေခွေး ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မြိုင်-လင်းကတော လမ်းရှိ လင်းကတောစခန်းမှူး လင်မယားစီးလာသေ ာစစ်ကောင်စီကားအား မိုင်း (၆) လုံးဖြင့် တိုက်ခိုက်ရာ ၂ ယောက်လုံး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင် PDFမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

People's Spring 

ရေနံဆီတင်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက် စစ်ကောင်စီတပ်မှ ၇ဦးခန့်သေဟု ထုတ်ပြန် ရေနံဆီတင်ယာဉ်တန်းကို  PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက် စစ်ကောင်စီတပ်မှ ၇ဦးခန့်သေဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.