ထန်တလန်မြို့ လူနေအိမ်များ မီးထပ်ရှို့ခံရ

ယနေ့ညနေပိုင်း ထန်တလန်မြိုတွင်း မီးလောင်နေသည့်ပုံ။ 

ယနေ့ နို၀င်ဘာ ၂၄ ရက် ညနေပိုင်း ၂နာရီခန့်မှစ၍ ထန်တလန်မြို့ ဇုန်မွှန်ရပ်ကွက်နဲ့ ကျောင်းလမ်းရပ်ကွက်အကြားတွင် နေအိမ်များ မီးလောင်နေပါတယ်။

မီး‌လောင်သွားသည့် နေအိမ်အရေအတွက် လက်တလောတွင် အတည်ပြုလို့မရသေးပေ။ 

"ညနေပိုင်း ၂နာရီလောက်မှာ ပထမအကြိမ် အိမ် ၂လုံး လောင်သွားတယ်။ နောက်ပြီး ၅နာရီခွဲ့ခန့်မှာ အခြားအိမ်တွေလည်း ဆက်လောင်တယ်၊ အခုလည်းလောင်နေတယ်" လို့ အဝေးကနေလှမ်းကြည့်နေသူ ပြည်သူတစ်ဦးက ပြောပါတယ်။ 

Chin News Journal - CNJ



ထန်တလန်မြို့ လူနေအိမ်များ မီးထပ်ရှို့ခံရ ထန်တလန်မြို့ လူနေအိမ်များ မီးထပ်ရှို့ခံရ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.