ပြည်မြို့ရှိ စစ်ကောင်စီ၏ လုံခြုံရေးစခန်း(၁)ခု အတိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ(၃)ဦးသေဆုံးကာ PDF (၁)ဦးကျဆုံး

ပုံစာ - ပြည်မြို့၌ ယမန်နေ့က စစ်ကောင်စီတပ်သားများ စစ်ဆေးမှု ပြုလုပ်နေစဥ်

ပြည်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ မှော်ဇာမြို့မ အုပ်ချုပ်ရေးမှူးရုံး၏ လုံခြုံရေးကင်းစခန်းကို ယနေ့မနက်ပိုင်း၌ ပြောက်ကျားတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ(၃)ဦးခန့်သေဆုံးပြီး အရာရှိ(၁)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ(၁၂)ရက် နံနက်(၃)နာရီခန့်၌ Pyay PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း (၁)ဦးကျဆုံးခဲ့ကြောင်း သိရသည်။

"မနက် အစောကြီးက မှော်ဇာဘက်မှာ ပစ်ခတ်သံတွေတော့ တောက်လျှောက်ကြားရတယ်။ အချိန်က ညမထွက်ရ အချိန်ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ မှော်ဇာ အုပ်ကြီးရုံးရှေ့က ကင်းစခန်းကို PDF တွေ ဝင်ပစ်တယ်လို့တော့ မနက်က သိရပါတယ်။" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသည့် စာရင်းအတိအကျကိုမူ လူငယ့်ခေတ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

"အခုတော့ အုပ်ကြီးရုံးရှေ့လမ်းကို ပိတ်ထားပြီး တစ်ဖက်လမ်းက သွားခိုင်းတယ်။ ဆိုင်ကယ်တွေ ဆိုရင်လည်း မမောင်းခိုင်းဘူး။ ဆင်းတွန်းခိုင်းတယ်။ တချို့ဆိုင်ကယ်တွေကိုလည်း ဖွင့်စစ်နေတယ် " ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့က အမြန်လမ်းရဲကင်းတစ်ခုအား Phyu PDF က ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် ပဲခူးတိုင်းအတွင်း အအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။


Lu Nge Khit


ပြည်မြို့ရှိ စစ်ကောင်စီ၏ လုံခြုံရေးစခန်း(၁)ခု အတိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ(၃)ဦးသေဆုံးကာ PDF (၁)ဦးကျဆုံး ပြည်မြို့ရှိ စစ်ကောင်စီ၏ လုံခြုံရေးစခန်း(၁)ခု အတိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ(၃)ဦးသေဆုံးကာ PDF (၁)ဦးကျဆုံး Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.